အမြဲမေးလေ့ရှိသော မေးခွန်းများ
အကယ်၍ သင့်မေးခွန်းအတွက် အဖြေရှာမတွေ့ခဲ့ရင် ကျွန်တော်တို့ဖက်က ဖြေဆိုပးရန် အမြဲအသင့် ဤနေရာတွင်ရှိသည်။
Zyng ဆိုတာ ဘာလဲ။
Zyng ဆိုသည်မှာ တန်းတူအချင်းချင်းမက်ဆေ့ချ်ပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်းနှင့် အီးမေးလ်ပို့ခြင်းတို့ လုပ်ဆောင်နိုင်သော အပ္ပလီကေးရှင်းတစ်ခု ဖြစ်သည်။ ၎င်းမှာ ကုဒ်ဝှက်ထားသော အီးမေးလ်များနှင့် စာတိုများကို ကော်ပီကူးခြင်း သို့မဟုတ် သိမ်းဆည်းထားခြင်းမရှိပဲ ပို့ဆောင်ရန် ခွင့်ပြုထားသော မူပိုင်ခွင့်ရ နည်းပညာတစ်ခုဖြစ်သည်။ Zyng သည် မက်ဆေ့ချ်အကြောင်းအရာကို ဆာဗာမသုံးပဲ ပို့ဆောင်သည်; ဆက်သွယ်ပြောဆိုမှုများသည် ကိုယ်ရေးသီးသန့်မှုရှိပြီး ပိို့သူနှင့် လက်ခံသူကြားတို့သာ သိသည်။
၎င်းတွင် ဆာဗာများမရှိပဲ တန်းတူအချင်းချင်း ကိုယ်ရေးသီးသန့်ဖြစ်အောင် ဘယ်လိုလုပ်ဆောင်သနည်း။
Zyng သည် အသုံးပြုသူများ၏ ဖုန်းကိရိယာများကြား သီးသန့်မှုရှိသော အင်တာနက်လမ်းကြောင်းတစ်ခုဖြင့် ချိတ်ဆက်ပေးပြီး ၎င်းတို့၏ စကားပြောဆိုမှုများနှင့် အီးမေ့လ်များ ပို့ဆောင်ရန် ခွင့်ပြုထားသည်။ လုံခြုံရေး အကောင်းဆုံးဖြစ်ရန် Zyng သည် မက်ဆေ့ချ်များကို အပိုင်းပိုင်းခွဲပြီး သီးခြားပို့ဆောင်သဖြင့် မည်သည့်လမ်းကြောင်းတစ်ခုမှ ဖတ်ရသောမက်ဆေ့ချ် မပါပါ။
Zyng ကို ဘယ်လိုလူတွေ သုံးသင့်သနည်း။
လူတိုင်းပါ။ သို့သော် အသုံပြုသူတို့ရှိတာကို ကျွန်တော်တို့ မြင်သည်: - သူတို့၏ စကားပြောဆိုမှုများ ကိုယ်ရေးသီးသန့်ရှိမှုကို စိုးရိမ်ကြသည် - ပုံမှန်ဝတ်ဆိုဒ်ပေါ်တွင် အရေးကြီးသော ကိုယ်ရေးကိုယ်တာအချက်အလက်များပို့ရာတွင် စိုးရိမ်ကြသည် - ၎င်းတို့၏ ဒေတာများကို ကုမ္ပဏီများက ခြေရာခံတတ်ကြသည်ကို ယုံကြည်နေခြင်း - တတိယပါတီများက ၎င်းတို့၏ ဒေတာများကို မကောင်းသောရည်ရွယ်ချက်ဖြစ် အလွဲသုံးတတ်သည်ဟု တွေးတတ်ကြသည်
အပ္ပလီကေးရှင်းကို အလကားသုံးလို့ရလား။
ရပါတယ်။ ကိုယ်ရေးကိုယ်တာ သီးသန့်ရှိမှုသည် စျေးတန်ဖိုးသက်မှတ်ရန် မသင့်သောကြောင့် ကျွန်တော်တို့၏ သုံးစွဲသူဗားရှင်းမှာ အလကားဖြစ်သည်။
၎င်းမှာ အခြားမက်ဆေ့ချ်ပို့အပ္ပလီကေးရှင်းများနှင့် ဘယ်လိုကွာခြားသနည်း။
စာတိုမက်ဆေ့ချ်ပို့ ဝန်ဆောင်မှုအများစုသည် သင်ပို့ထားသော မက်ဆေ့ချ်တိုင်းကို ၎င်းတို့ဆာဗာတွင် ကော်ပီကူးထားတတ်သည်။ Zyng ကတော့ မတူပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ Zyng အသုံးပြုသူများကြား မက်ဆေ့ချ်များ၊ စကားပြောဆိုမှုများနှင့် အီးမေးလ်များ ပေးပို့ရာတွင် ဆာဗာများကို အသုံးမပြုပါ။ မက်ဆေ့ချ်များသည် ပို့သူနဲ့ လက်ခံသူတို့၏ ကိရိယာများတွင်တာ တည်ရှိသည်။
ဒေတာခိုးယူမှု သို့မဟုတ် ပေါက်ကြားမှုများ ရှိခဲ့ပါသလား။
မရှိပါ။ Zyng တွင် ထိုနည်းတူအဖြစ်အပျက်များ ဘယ်အခါမှ မရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် Zyng သည် မက်ဆေ့ချ်များကို သိမ်းထားခြင်း၊ ကြည့်ယူခြင်း၊ ရွေ့ပြောင်းခြင်း၊ သို့မဟုတ် ဆက်သိမ်းထားခြင်းတို့ကို မပြုလုပ်သောကြောင့် Zyng မှ ဘာမှပေါက်ကြားမှု မရှိနိုင်ပါ။
Zyng အပ္ပလီကေးရှင်း အသုံးပြုဖို့ ကျွန်တော်သည် အင်တာနက် သို့မဟုတ် ဝိုင်ဖိုင်ချိတ်ဆက်ရန် လိုပါသလား။
ဟုတ်ပါတယ်၊ Zyng ဖြင့် အီးမေးလ်မက်ဆေ့ချ်များ၊ စာတိုများ သို့မဟုတ် ဖုန်းခေါ်များ ပို့ရန် သို့မဟုတ် လက်ခံရန် အင်တာနက်ချိတ်ဆက်မှု ရှိကိုရှိရပါမည်။
အကယ်၍ ကျွန်ုပ်၏ဖုန်း ပျောက်ဆုံးခြင်း/အခိုးခံရလျှင် မည်သို့ပြုလုပ်ရမည်နည်း။
အကယ်၍ သင်၏ Zyng အကောင့်သည် ဒုတိယကိရိယာတစ်ခုဖြင့် ချိတ်ဆက်ထားလျှင်၊ သင်သည် ၎င်းချိတ်ထားသော ကိရိယာထဲသို့ ဝင်ပြီး ပျောက်ဆုံးသော သို့မဟုတ် အခိုးခံရသော ကိရိယာကို အချိတ်အဆက်ဖြုတ်နိုင်ပါသည်။ သင်၏ ဒေတာကို ကာကွယ်ရန် ကိုယ်ပိုင်စိစစ်ရေးအမှတ် ထည့်ထားလို့လည်း ရပါသည်။ အဘယ်ကြောင့်ဆိုသော် Zyng သည် သင်၏ မက်ဆေ့ချ်များ သို့မဟုတ် ဒေတာတို့ကို ထိန်းချုပ်ထားခြင်း မရှိသည့်အတွက် သင်၏ မက်ဆေ့ချ်များ သို့မဟုတ် ဒေတာတို့ကို ပြန်လည်ဖော်ယူရန် မပြုလုပ်ပေးနိုင်ပါ။
အကယ်၍ ကျွန်ုပ်ကိရိယာ ပျောက်ဆုံးသွားပြီး ကျွန်ုပ်အကောင့်နှင့် ဒုတိယကိရိယာတစ်ခုခုနဲ့ ချိတ်ဆက်ထားခြင်းမရှိလျှင် ကျွန်တော် ဘယ်လိုလုပ်လို့ရမလဲ။
Zyng သည် သင်၏ မက်ဆေ့ချ်များ သို့မဟုတ် ဒေတာတို့ကို ထိန်းချုပ်ထားခြင်း မရှိသည့်အတွက် သင်၏ မက်ဆေ့ချ်များ သို့မဟုတ် ဒေတာတို့ကို ပြန်လည်ဖော်ယူရန် မပြုလုပ်ပေးနိုင်ပါ။
Zyng အသုံးပြုခြင်းဖြင့် ကျွန်တော် ခြေရာခံနိုင်ပါသလား။
Zyng သည် သင်၏တည်နေရာကို ခြေရာခံမည် မဟုတ်ပါ။
ကျွန်တော်၏ မည်သည့်စက်ကိရိယာတွင် Zyng ကို အသုံးပြုနိုင်ပါသနည်း။
Zyng ကို သင်၏ဖုန်း (iOS သို့ မဟုတ် Android) သို့မဟုတ် ကွန်ပြူတာတွင် အသုံးပြုနိုင်သည်။
Zyng အသုံးမပြုသူကို ကျွန်တော် ဖုန်းခေါာတာ စာတိုကို့တာ လုပ်နိုင်လား။
မပြုလုပ်နိုင်ပါ။ သင်သည် တခြား Zyng အသုံးပြုသူကို ဖုန်းဆက်တာ သို့မဟုတ် စာတိုပို့တာတို့ လုပ်နိုင်ပါမယ်။
ကျွန်တော်သည် Zyng အသုံးမပြုသူကို အီးမေးလ်ပို့နိုင်ပါသလား။
ပို့နိုင်ပါသည်။ သို့သော် Zyng အသုံးမပြုသော လက်ခံသူသို့ ပို့သော အီးမေးလ်များသည် သီးသီးသန့်သန့် သို့မဟုတ် လုံခြုံမည်မဟုတ်ပါ၊ အဘယ်ကြောင့်လဲဆိုသော် လက်ခံသူအီးမေးခ်ပိုင်ရှင်သည် ဗဟိုဆာဗာတွင် လက်ခံရရှိထားသော အီးမေးလ်များကို ကော်ပီကူးပြီး သိမ်းထားနိုင်သည်။